Sunday, March 30, 2008

Earth Hour

ခုတလော ဒီစိမ်းလန်း ဘလော့လေးမှာ ရေးချင်တာလေးတွေ စိတ်ထဲမှာ ရှိပေမယ့် အခွင့်မသာလို့ မရေးဖြစ် ဖြစ်နေတာကို ခွင့်လွှတ်ကြစေချင်ပါတယ်။ မနေ့ကလည်း Earth Hour အတွက် ပို့စ်အသစ်တင်ချင်ပေမယ့် အချိန်မီ မတင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Earth Hour အကြောင်းလေးကို တင်ဖြစ်အောင် တင်ဖြစ်ချင်တာမို့ ဒီပို့စ်လေးကို ကြိုးစားရေးလိုက်ပါတယ်။

ဒီ Earth Hour ဆိုတာလေး စတင်ခဲ့ပုံကတော့ ဒီလိုပါ။ ကမ္ဘာမြေပူနွေးလာမှုအပေါ် လူတွေ စိတ်ပါဝင်စား တက်ကြွစွာ ပါဝင်လှုပ်ရှားလာအောင် ဘယ်ပုံဘယ်နည်းနဲ့ စည်းရုံးကြမလဲဆိုတဲ့ မေးခွန်းလေးနဲ့ စခဲ့တာပါ။ ဒီမေးခွန်းအတွက် အဖြေအနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့သူမြို့သားများကို သူတို့ဆီက မီးတွေ တစ်နာရီ တိတိ ပိတ်ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာ လူပေါင်း ၂.၂သန်းနဲ့ လုပ်ငန်းပေါင်း ၂၁၀၀တို့ဟာ ၁၉၉၇ခုနှစ် မတ်လ ၃၁ရက်နေ့မှာ တစ်နာရီတိတိ Earth Hour အဖြစ် သတ်မှတ်ပြီး သူတို့ သုံးစွဲနေတဲ့ မီးတွေကို ပိတ်ထားခဲ့ကြပါတယ်။ ဒါကို ကမ္ဘာပေါ်က တခြား နိုင်ငံများ မြို့ကြီးများကလည်း အတုယူပြီး Earth Hour ကို ကမ္ဘာ့လှုပ်ရှားမှု အနေနဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြပါပြီ။

၂၀၀၈ခုနှစ်မှာလည်း မတ်လ ၂၉ရက်နေ့မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက မြို့ကြီးများက မီးများကို တစ်နာရီတိတိ ပိတ်ပြီး Earth Hour ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။



တကယ်တော့ Earth Hour အဖြစ် မတ်လ ၂၉ရက်နေ့မှသာ မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း တစ်နေ့တစ်နာရီ အနည်းဆုံးထားလို့ မလိုအပ်တဲ့ မီးတွေကို ပိတ်ပစ်ရင်ဖြင့် နေ့တိုင်းဟာ Earth Hour ဖြစ်နေမှာပါပဲ။ လူတစ်ယောက်တည်း တစ်နာရီ စွမ်းအင်တွေ ချွေတာသုံးသလို ကျွန်မတို့ အားလုံးကသာ စွမ်းအင် ချွေတာသုံးစွဲတာကို လိုက်နာကျင့်သုံးကြမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေက ကြီးမားပါလိမ့်မယ်။ ဒီတော့ ကျွန်မတို့ရဲ့ နေ့တိုင်းနေ့တိုင်းမှာ Earth Hour အဖြစ် တစ်နာရီလောက်ကလေးပဲ ဖြစ်ဖြစ် သတ်မှတ်ပြီး စွမ်းအင်ချွေတာခြင်းတွေ ကျင့်သုံးကြပါစို့လား။

Earth Hour website - http://www.earthhour.org/

1 comment:

စူး said...

မီးတင်မဟုတ်ပါဘူး။ စာသင်တော့ မှတ်တမ်းတစောင်ပြုခဲ့ချိန်ကရှာ ဖတ်ဘူးတဲ့အခါ
မီးနဲ့ပက်သက်ပီးသုံးတဲ့အပူတွေ အပြင်။ စက်ရုံ အလုပ်ရုံက ထွက်တဲ့ အညစ်အကြေး သာမက
ကားမှ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပါ ပါပါတယ်။
အခုဆို အမေရီကားမှာ လူတိုင်းကားရှိတယ်။ ကားစီးရေများလာတာနဲ့အမျှ ဒီအညစ်အကြေးတွေက ပိုများလာပါတယ်။ green house problem ဆိုပီး
အဖြေရှာ ဖို့ လုပ်နေကြပေမဲ့ ခုချိန်ထိတော့ ရေရာတဲ့ အဖြေထွက်မလာသေးပါဘူး။ သူ့ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့ပဲ လုပ်နိုင်ကြပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်နော်။